၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုဘဲ ထုတ်ငှါးပါ။
၁၅။ လူတစ်ဖတ်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။
သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါဘဲရှိခဲ့တယ်ဆိုရင် သင်စိတ်ကောင်းမှာမဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပါ။ ကစားတိုင်းလဲ အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယအခွင့်အရေးပေးပါ။ ဒါပေမယ့် တတိယအခွင့်အရေးကို ဘယ်တော့မှ မပေးပါနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါစေ။
၁၉။ စိတ်ကောင်းနိုင်သမျှ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ တက်ကြွနေတဲ့ လူဖြစ်အောင်နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်
ရေးတမျှ အရေးမကြီးပါဘူး။
၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်ရင် ကိုင်မနေပါနဲ့။
ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာပါ။ ခေါ်သူကိုယ်တိုင် ကိုယ့်
အနားရောက်လာမဟုတ်တာဘဲ။
၂၂။ အကောင်းဆုံး အရှုံးသမား ဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင်နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လျှို့ဝှက်ချက်မပြောခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖတ်ထားရင် သူအရင်လက်လွှတ်ပါစေ။
Source: နိုင်းနိုင်းစနေ













No comments:
Post a Comment